မုံရွာမြို့တွင် ရောင်းချနေသော နဂါးမောက်သီးဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နန္ဒာဝန်ဈေး၊ သံလမ်းဈေး၊ သာစည်ဈေးနှင့် ကန်သာယာဈေးအတွင်းတွင်  နဂါးမောက်သီးများ ရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။

   နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ယခုအခါတွင် မြန်မာ ပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။

     စက်တင်ဘာလ စတုတ္တပတ်အတွင်း ဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်းမှာ နဂါးမောက် သီးအကြီးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၁၂၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၈၀၀-၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး နဂါးမောက်သီးကို လက်ဖျော်ရည်ပြုလုပ်ပြီးရောင်းချလျှင် တစ်ခွက် လျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA  (စစ်ကိုင်း)