
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကမ်းနားပျံကျစျေးတွင် စားဖိုဆောင်သီးနှံများ၊ အသားမျိုးစုံ၊ ရေထွက်ပစ္စည်းမျိုးစုံနှင့် သစ်သီးဝလံမျိုးစုံ စုံလင်စွာရောင်းချလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ထိုင်ဝမ်မုန်ညင်း များကိုလည်းရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဂေါ်ဖီထုပ်တွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်း၊ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်းပါဝင်ခြင်း၊ ဗီတာမီဓာတ်အချို့နှင့် သတ္တုဓာတ်များ လည်းပါဝင်သဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိသောကြောင့် လူတိုင်းစားသုံးသင့်သော အစားအစာတစ်မျိုးဖြစ်သကဲ့သို့ မုန့်ညှင်းပင်များတွင်လည်း အင်တီအောက်ဆီးဒင့်ဓာတ်ပေါင်းများပါ ဝင်သဖြင့် ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ်သော အဖုအကျိတ်များကို တားဆီးနိုင်သည့် အကျိုးကျေးဇူး များပေးစွမ်းနိုင်သော အစားအစာတစ်မျိုးဖြစ်ပါသည်။ ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အထုပ်ကြီး (၁) ထုပ်လျှင် (၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ အထုပ်သေး (၁) ထုပ်လျှင် (၃၀၀၀-၄၀၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိပြီး၊ ထိုင်ဝမ်မုန်ညှင်း (၁) စည်းလျှင် (၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ (၃) စည်းလျှင် (၁၄၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချ သူများထံမှသိ ရပါသည်။
DOCA(တနင်္သာရီ)