
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့သည် ကမ်းရိုးတန်းဒေသဖြစ်ပြီး ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးသီးနှံများနှင့် ဒေသတွင်းထွက်ရှိသော စားဖိုဆောင်သီးနှံများကို အကြီးအကျယ်ရောင်းချ လျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စျေးကွက်၌ အရည်အသွေးကောင်းသည်ဟု ထင်ရှားသည့် ငါးချဉ်၊ ပုဇွန်ချဉ်တို့သည်လည်း မြိတ်မြို့ပေါ်ရှိ ဈေးကွက်တွင် အလွန်ရောင်းအားကောင်းပါသည်။ ဧည့်သည်များအတွက် အိမ်ပြန်လက်ဆောင်ထည့်ပေးရာတွင် မျက်နှာပန်းလှသည့်အပြင် လူကြိုက်များသော အစားအစာတစ်ခုဖြစ်ပါသည်။ ထမင်းဖြူ၊ ဆားနှင့်ရောနယ်၍ လေလုံသော ပလပ်စတစ်ဘူး(သို့)ဖန်ပုလင်းထဲသို့ ထည့်သိပ်အချဉ်ဖောက်ပြီးရလာသော ဒေသအစားအစာ တစ်မျိုးဖြစ်သည်။ အစိမ်းပဲသုပ်စားစား ကြော်ပြီးပဲစားစား စားတွင်းကောင်း၍ ထမင်းမြိန်စေသော အဖိုးတန် အစားအစာတစ်မျိုးဖြစ်ပါသည်။
ယခု ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတွင် ငါးချဉ် တစ်ဆယ်သား(၄၅၀၀)ကျပ်နှင့် ပုဇွန်ချဉ် တစ်ဆယ်သား(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)