ဈေးကွက်မရောက်မီကုန်စည်များဖြစ်သော “ပြည့်ပြည့်ဝင်း”အမှတ်တံဆိတ် လက်ဖက်နှင့် အကြော်စုံ လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်မရောက်မီကုန်စည်ဖြစ်သော ဖျာပုံမြို့၊ နေသူရိန်လမ်းရှိ  “ပြည့်ပြည့်ဝင်း” အမှတ်တံဆိပ် လက်ဖက်နှင့် အကြော်စုံအား ဘေးအန္တရာယ်ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/ မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရးဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူပြည်သူများအား အန္တရာယ်မဖြစ်ပေါ်ရေး၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာ စာသားများဖော်ပြပါရှိရေး၊ သက်တမ်းကုန်ဆုံးရက်များထည့်သွင်းရေးသားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)