ရှမ်း(တောင်)ဒေသထွက် ပြောင်းသီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှု အခြေအနေ

Powered by Drupal

     ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ပြောင်းသီးနှံမှာ ရပ်စောက်၊ အေးသာယာနှင့် တောင်လေးလုံးဒေသများမှ အစိုဓာတ် (၁၆%) မလွတ်သော ပြောင်းဆန်အသစ်များ ဈေးကွက်ဝင်ရောက်မှုရှိပြီး တစ်ပိဿာလျှင် (၁၃၉၅-၁၄၀၀)ကျပ်ဖြင့် ဈေးရှိနေကြောင်း သိရှိရပါသည်။ပြောင်းဆန်အဟောင်းမှာ တစ်ပိဿာလျှင် (၁၄၁၅-၁၄၂၀၀)ကျပ်ပေါက်ဈေးရှိကြောင်းသိရှိရပါသည်။ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသနှင့် ရှမ်းမြောက်ဒေသများမှ သီးနှံဈေးကွက်ဝင်ရောက်မှုမရှိသောကြောင့် ပြောင်းဈေးမှာ အနည်းငယ်တက်လာပြီး ပြည်တွင်း၊ ပြည်ပဝယ်လိုအားကောင်းနေသဖြင့် ကုန်သည်ပွဲစားများထံမှ ပြောင်းလက်ကျန်များ ဈေးကွက်ဝင်ရောက်မှုရှိ၍  စီးဆင်းမှုမှာ များနေကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)