စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၅.၉.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၇၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၀၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၆၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၅၈၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင်  မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၅၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၇၇၀၀ ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၃၀၀ ကျပ်ရှိရာမှ ၇၄၀၀ ကျပ်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၃၁၀၀၀၀ ရှိရာမှ ၃၀၀၀၀၀ ကျပ်ခန့်၊ ပဲပုတ် ၂၀၂၅ အတွက် ၁၅၅၀၀ တန်ချိန်ရှိရာမှ ယခုတစ်ပတ်တွင် ၁၅၈၀၀ ဝန်းကျင်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)