ညောင်တုန်းမြို့နယ်တွင် ဈေးကွက်အတွင်း DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတု များရောင်းချမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း Danone Specialized Nutrition (Thailand) မှ ထုတ်လုပ်သည့်  DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အား ဈေးကွက်အတွင်း အတုပြလုပ်ရောင်းချနေမှု ရှိ/ မရှိကို ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ကုန်စုံဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်းစစ်ဆေးခဲ့ကြပြီး ညောင်တုန်းမြို့နယ် ကုန်စုံဆိုင်ကြီး ၆ဆိုင်တွင် ရောင်းချနေသော  DUMEX DUPRO အမှတ်တံဆိပ် ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့၇ှိရပြီး အခြားသော ကလေးဖြည့်စွပ်စာ အမှတ်တံဆိပ်များသာ ရောင်းချနေကြောင်းတွေ့ရှိရပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့စည်းများ၏ ထောက်ခံချက်ပါဝင်သော ကုန်စည်များသာရောင်းချနေကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များကို စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်း အသိပေးရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)