
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် နံနက် ၉ နာရီတွင် မအူပင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ၊ ခရိုင်ရဲတပ်ဖွဲ့နှင့် အခြားသော ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများမှ ရှေ့ဆက်လုပ်ဆောင်နေသည့် လုပ်ငန်းအခြေအနေများကို သိရှိလို၍ တင်ပြဆွေးနွေးကြရန်၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်များကို ဌာနဆိုင်ရာများ သိရှိနိုင်ရန် မှာကြားရှင်းလင်းခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော ဌာနအသီသီးမှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တင်ပြကြပြီး တိုင်းဒေသကြီးအစိုးရ၏ နယ်မြေကွင်းဆင်းလေ့လာရာတွင် တင်ပြရမည့် ဒေသန္တရာနှင့် ဌာနဆိုင်ရာလုပ်ငန်း အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ဌာနဆိုင်ရာ တက်ရောက်သူ ၃၀ဦး ရှိပြီး အစည်းအဝေးကို နေ့လည် ၁နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)