
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့၊ (၁)လမ်း ပရီမီယာဖုန်းနှင့်ဖုန်းအပိုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးအောင်အောင်သွင်နှင့်( ၂၂.၉.၂၀၂၅ ) ရက်နေ့ ၊ နေ့လယ် ( ၁၃:၀၀ ) နာရီအချိန်တွင်၊ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း မှတွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်း အချက် အလက် များပေးရန် စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေး ကျင့်ဝတ်စည်းကမ်းနှင့်အညီ မှန်ကန်စွာဆောင်ရွက်ရန် သတ်မှတ်ထားသည့် အရည်အသွေး စံသတ် မှတ်ချက်များအပေါ် အာမခံချက်ပေးရန်၊ဝယ်ယူခြင်းမပြုမှီ ကန့်သတ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမှီ အတည်အလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို တိုက်ရိုက် ရောင်းချ ခြင်း၊ သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ရန် ကတိပြုထားသာအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက တာဝန်ယူဆောင်ရွက်ရန်၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)