
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု များတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကျုံးမဝင်သော မိုးစပါးစိုက်တောင်သူများထံသို့ သီးနှံပေါ်ပေးစနစ်ဖြင့် (၈/၂၀၂၅)အတွက် ယူရီးယား/ ကွန်ပေါင်းမြေဆီအိတ်များအား စက်တင်ဘာလ(၁၆)ရက်နေ့၊ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် ထုတ်ယူပြီးစီးခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်တောင်သူများအတွက် (၈/၂၀၂၅)အတွက် ယူရီးယား (၁၃၈၂၀)အိတ် ကွန်ပေါင်း (၁၀၇၄၀)အိတ် စုစုပေါင်း (၂၄၅၆၀) အိတ်ထုတ်ယူပြီး သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများထံ စာချုပ်ချုပ်ဆိုဖြန့်ဖြူးပေးလျက်ရှိရာ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကော့မှူးမြို့နယ်အနေဖြင့် အာမို ကုမ္ပဏီမှ ကွန်ပေါင် (၂၀၀၇) အိတ်ထုတ်ယူရရှိပြီး လာဝတီး၊ ကျုံလတာ၊ ညောင်ကုန်း၊ ကျိုက်ထော်၊ အောက်ကျောင်းနှင့် သမဲ့ကျေးရွာအုပ်စုများသို့ ပို့ဆောင်၍ ခေတ္တသိုလှောင်ထားပြီး ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်တောင် သူများထံသို့ ဆက်လက်၍ စာချုပ်ချုပ်ဆို ဖြန့်ဖြူးပေးခဲ့ကြောင်း ယခုဆိုလျှင် ကော့မှူးမြို့နယ် (၈/၂၀၂၅)အတွက် ယူရီးယားကွန်ပေါင်းမြေဩဇာအိတ်များအား ထုတ်ယူပြီးစီးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)