
ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ် ပထမ (၈) လတွင် တရုတ်ခရီးသွား စုစုပေါင်း ၇၈၄,၉၆၅ ဦးလာရောက်လည်ပတ်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၅.၇ ရာခိုင်နှုန်း တိုးလာသည်ဟု ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာမှ အရာရှိတစ်ဦးက ၁၉-၉-၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ခရီးသွားလာရေး ဝန်ကြီးဌာနမှ နိုင်ငံခြားရေး ၀န်ကြီး Heng Sokchamroeun က ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း နိုင်ငံတကာ ခရီးသွား စုစုပေါင်း ၄.၀၅ သန်း ၏ ၁၉.၃ ရာခိုင်နှုန်း သည် တရုတ်နိုင်ငံမှ လာရောက် လည်ပတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားခရီးသွား အများဆုံးလာရောက်လည်ပတ်သည့် တတိယမြောက် အကြီးဆုံး ခရီးသွားရင်းမြစ်ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယား၏ ခရီးသွားကဏ္ဍအနာဂတ်သည် တရုတ် ခရီးသွားများနှင့်ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မှုနှင့် ခွဲခြား၍မရကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ တရုတ်ခရီးသွားဧည့်သည်များ တိုးပွားလာခြင်းသည် ကမ္ဘောဒီးယား၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရုံသာမက အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖန်တီးရန် အရေးကြီးသော အခွင့်အလမ်းတစ်ရပ်ဖြစ်သည် ဟု Heng က ပြောကြားခဲ့သည်။
DOCA (ရန်ကုန်)