
ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းတင်သွင်းသည့် ဒီဇယ်လောင်စာ၊ ဓာတ်ဆီနှင့် သယာဝ ဓာတ်ငွေ့ ပမာဏသည် ၂၀၂၅ ခုနှစ်၊ ပထမ (၈) လအတွင်း အမေရိကန်ဒေါ်လာ ၁.၆၃ ဘီလီယံ ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။ သုံစွဲခဲ့သည့်တန်ဖိုးသည် ၂၀၂၄ ခုနှစ် အလားတူကာလ ကန်ဒေါ်လာ ၁.၈၈ ဘီလီယံမှ ၁၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ နိုင်ငံတော်သည် ဒီဇယ်ဆီ တင်သွင်းမှုအတွက် ကန်ဒေါ်လာ ၈၇၇ သန်း သုံးစွဲခဲ့ပြီး ၁၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။ ဓာတ်ဆီအတွက် ကန်ဒေါ်လာ ၅၂၉ သန်း ကျဆင်းခဲ့ပြီး ၁၉ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့အတွက် ဒေါ်လာ ၂၂၅ သန်းနှင့် ၁.၇ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာအရသိရသည်။ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၀ယ်လိုအားသည် ၂၀၂၀ ခုနှစ်တွင် တန်ချိန် ၂.၈ သန်းမှ ၂၀၃၀ ခုနှစ် တွင် တန်ချိန် ၄.၈ သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။
DOCA (ရန်ကုန်)