ဒလမြို့နယ်အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်များအားအသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကုက္ကိုတန်းပိုင် ပျော်ဘွယ်ကြီးစံပြ ကျေးရွာတွင် ဒလမြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့်ဝန်ထမ်းများသည် စက်တင်ဘာလ(၂၃)ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်  လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

   အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ဒလမြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချ နေသော လုပ်ငန်းရှင်တို့အား မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင် များဖြစ်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း၊ စားသုံးသူရေးကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရ မည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များအား ရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)