
မြန်မာဆန်စပါးအွန်လိုင်း(My RO) တွင် ဆန်တန်ချိန် ၂၅ နှင့်အထက်၊ ဆန်အိတ်ရေ ၁၅၀၀နှင့် အထက် သိုလှောင်ထားရှိသူများ မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာဆန်စပါးအွန်လိုင်း(MyRO)တွင် မှတ်ပုံတင်ထားရှိသော သိုလှောင်ရုံများအနက်မှ သိုလှောင်ရုံငှားရမ်းလုပ်ကိုင်သဖြင့် အငှားသက်တမ်း ပြည့်သည့် သိုလှောင်ရုံများ၊ ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့သည့် ဖျက်သိမ်းရန် လျှောက်ထားလာ သည့် သိုလှောင်ရုံများကို မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ အဆိုပါသိုလှောင်ရုံများ မြေပြင်တွင် ဆက်လက် လုပ်ကိုင်နေခြင်းရှိ၊ မရှိ ၊ ဆန်များဆက်လက်သိုလှောင်ထားခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဖျက်သိမ်း လျှောက်ထားပြီးပါက ဆန်များဆက်လက် သိုလှောင်ထားခွင့် မရှိတော့ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆန်များသတ်မှတ် ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်းမပြုရန်လည်း မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
