ကြံစိုက်ရာသီချိန် ဖြစ်သော်လည်း သကြားဈေးကျလျက်ရှိ

Powered by Drupal

   မန္တလေးမြို့တွင်းသို့  ကြံထွက်ရှိရာ ဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ မတ္တရာမြို့အနီးရှိ တံငါးရွာ၊ ပြင်ဦးလွင်၊‌ ကျောက်မဲဒေသတို့မှ ထွက်ရှိသည့်ကြံများ ဝင်ရောက်မှု မရှိသော်လည်း သကြားများ ဈေးကျလျက်ရှိပါသည်။ ကြံများကို ဩဂုတ်လ၊စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးကြပြီး နတ်တော်လတို့တွင် ကြံများထွက်ရှိကြသည်။ကြံများကို ကြံစိုက်တောင်သူများကိုယ်တိုင် ပွတ်သားချက်၍ ၎င်းကောင်း စက်ရုံသို့ ကြံကို ခုတ်၍ တင်ပို့ရောင်းချကြသည်။ ယခင်နှစ် စက်တင်ဘာလ တတိယပတ်တွင်  ပွတ်သား  (၁)ပိဿလျှင် (၂၈၅၀ -၃၀၅၀)ကျပ်၊ သကြားဈေး(၁)ပိဿာ (၄၇၀၀-၄၈၀၀)ကျပ်၊ ပွက်သား(၁)ပိဿာ (၂၆၅၀-၂၈၀၀)ကျပ်၊ ခါသကြား(၁)ပိဿာ (၃၈၀၀-၃၉၅၀) ကျပ်၊ ခါရည် ခေါင်ရည်(၁)ပိဿာ လျှင်(၁၇၀၀-၁၈၀၀)ကျပ် အသီးသီးရောင်းဝယ်မှုရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ တတိယ ပတ်တွင် ပေါင်းသကြား(၁)ပိဿာလျှင် (၃၈၅၀-၃၉၅၀-၄၅၀၀)ကျပ်၊ ခါရည်(၁)ပိဿာလျှင် (၂၅၀၀-၂၆၀၀)ကျပ်၊ပေါင်းရည်(၁)ပိဿာလျှင်(၈၀၀-၂၀၀၀)ကျပ်၊ ပွက်သား(၁)ပိဿာလျင်(၂၆၀၀-၂၈၀၀)ကျပ်၊  ခါသကြား(၁)ပိဿာလျင် (၃၅၀၀-၃၆၀၀)ကျပ် တို့ဖြင့် သကြားနှင့်သကာရည် အသင်း၏ နေ့စဉ် ပေါက်ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိကြသည်။ယခုအချိန်တွင်  နို့ချက်လုပ်ငန်း၊ ဂျုံဖြင့်ပြုလုပ်သော မုန့်မျိုးစုံလုပ်ငန်း၊ ယိုစုံလုပ်ငန်း၊ အချိုရည်လုပ်ငန်း၊ ယမကာလုပ်ငန်းများ ပုံမှန်ဖြစ်လျက်ရှိကြသည်။  သွားလာမှုခက်ခဲခြင်းတို့ကြောင့် သယ်ယူစရိတ် ကြီးမားခြင်း၊ အလုပ် သမားများ လုပ်ခဈေးများ ကြီးမားလာခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်မားခြင်း၊ ကြံစိုက် ရာသီချိန်ဖြစ်သော်လည်း သကြားဈေးမှာကျလျှက်ရှိသည်။ ပြည်ပတွင် အနည်းငယ်သာ တင်ပို့ပြီး ပြည်တွင်း၌သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ရောင်းချ သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)