ကင်ပွန်းချဉ်ဈေးနှုန်းဈေးကွက်

Powered by Drupal

    ကင်ပွန်းချဉ်ပင်သည် အပင်ကြီးမျိုးဖြစ်ပြီး ရိုးတံတွင် အဆူးလေးများရှိပါကာ အရွက် သေးသေးနုနုလေးများနှင့် အခိုင်လိုက်ရှိပါသည်။ ကင်ပွန်ချဉ်ရွက်တွင် အနီမျိုးနှင့် အဖြူမျိုးဟူ၍ နှစ်မျိုးရှိပြီး ခြံစည်းရိုးများတွင် အစီအရီစိုက်ပျိုးကြသလို ယခုအခါ စားသုံးသူများပြားလာသဖြင့် စီးပွားဖြစ် အခင်းလိုက်စိုက်ပျိုးလာကြောင်းသိရသည်။ ကင်ပွန်းချဉ်ကိုဒေသမရွေး စိုက်ပျိုးနိုင် ကြောင်းသိရှိရပါသည်။ မိုးနည်းသော ဒေသတွင် ရေကိုစနစ်တကျ ပြည့်ဝစွာ ပေးနိုင်ပါကလည်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ ကင်ပွန်းချဉ်ရွက်ကို ဟင်ရည်အဖြစ်သော်လည်းကောင်း၊ကင်းမွန် ချဉ်ရွက်ကို ပုဇွန်(သို့)ပုဇွန်ခြောက်နှင့်ရော၍သော်လည်းကောင်း မျိုးစုံပြုလုပ်စားသုံးနိုင်ပါသည်။ မြင်းခြံမြို့နယ် ကျေးလက်ဒေသများမှ အေးမြသီတာဈေး၊စံပြဈေးနှင့် မြို့နယ်စည်ပင်သာယာ ဈေးကြီးတို့တွင်ကင်ပွန်းချဉ်ရွက်(၁၀)ကျပ်သားကို(၈၀၀)ကျပ်ခန့်အထိရောင်းချလျက်ရှိ ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)