
မြင်းခြံမြို့ပေါ်ရှိ အေးမြသီတာဈေးတွင် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများဒေသထွက်ကုန်များအပြင် အခြားဒေသ မှဝင်ရောက် သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရာသီပေါ် ဂွေးတောက်ရွက်များ စတင်ရောင်းချလျက် ရှိကြောင်း သိရသည်။
ဂွေးတောက်ရွက်ကို ကြက်ဉဖြင့်ရောကြော်၍လည်းကောင်း၊ ကြက်သားဖြင့် ဟင်းရည် ချက်၍လည်းကောင်း ၊ ငါးပိရည် ငံပြာရည်ချက်တို့နှင့် အတို့အမြှပ်ဖြင့်လည်းကောင်း၊ ဘယာ ကြော်နှင့်ရောနှောချက်ပြုတ်၍လည်းကောင်းစားသုံးကြရာ လွန်စွာမှ ထမင်းမြိန်စေပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း အေးမြသီတာဈေးတွငရောင်းချနေသည့် ဂွေးတောက်ရွက် ဈေးနှုန်းမှာ(၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် သမုန်းကိုင်း၊ ပျော်ဘွယ်၊ စံပြကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)