ဈေးနှုန်းကျဆင်းလာသောကန်စွန်းဥ

Powered by Drupal

   မြင်းခြံမြို့နယ်အတွင်းရှိ ရွာစည်ရွာတွင် ကန်စွန်းဥစိုက်ဧက(၅)ခန့်စိုက်ပျိုးထားကြောင်း၊ ဒေသအတွင်း စားသုံးရန်အတွက်လိုအပ်သော ကန်စွန်းဥများကို  တံတားဦးမြို့နှင့် ကျောက်ဆည်မြို့ တို့မှဝယ်ယူ၍ ဒေသတွင်းဖြန့်ဖြူးရောင်းချကြောင်း၊  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် ကန်စွန်းဥ ၅၀ ကျပ်သားလျှင် (၂၇၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ခန့်ပေါက်‌ ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လဩဂုတ်လတတိယပတ်တွင် ကန်စွန်းဥ ၅၀ ကျပ်သားလျှင် (၃၀၀၀) ကျပ်၊တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ကာလ တူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ကန်စွန်းဥ ၅၀ ကျပ်သားလျှင် (၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်း ကျဆင်း ခြင်းမှာ  ဈေးကွက်တွင် ကန်စွန်းဥများ ပေါများစွာထွက်ပေါ်ချိန် ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်း ဖြစ်ကြောင်း၊ အရည်အသွေး အသီးလတ်ဆတ်ပါက ဈေးနှုန်းအနည်းငယ် ကွားခြားကြောင်း၊ နေ့စဉ်ကုန်ချိန် (၁၀-၁၅) ပိဿာခန့်ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)