
နွားထိုးကြီးမြို့နယ်တွင် ပဲမျိုးစုံ၊ ထန်း၊ ကြက်သွန်နီးများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မိုးနှမ်းသီးနှံ ကိုလည်း စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။ မိုးနှမ်းသီးနှံကို မေလ-ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာလ အတွင်းရိတ်သိမ်းပေါ်မည်ဖြစ်ကြောင်း၊ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၄)လခန့် ကြာ မြင့်ကြောင်းသိရှိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွားထိုးကြီးမြို့နယ်၌ မိုးနှမ်းစီမံကိန်းသီးနှံ(၁၆၈၀၂၂)ဧက လျာထား ချက်အပေါ် အမှန်စိုက်ပျိုးထားမှု (၁၇၄၅၀၂) ဧကစိုက်ပျိုးထားရှိပြီး၊ လျာထားချက်ဧကထက် (၆၄၈၀)ဧက ကျော်ပိုမိုစိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရှိရသည်။ နှမ်းစိုက်ပျိုးရန်အတွက် မြေယာပြုပြင်ရာတွင် ထွန်ရေးညက်ရန် လိုအ်ကြောင်း၊ တောင်သူများလက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးအများစုမှာ ဆင်းရတနာ မျိုးဖြစ်ပြီး နှမ်းပင်များ အကိုင်းဖြာသော မျိုးဖြစ်၍ နှမ်းစိုက်ရန် (၁၅) လက်မ အတန်းအကွာအဝေးဖြင့် စိုက်ပျိုး ထားကြောင်း၊ မျိုးစေ့များ အပင်ပေါက်ကောင်းစေရန် ကြောင်းဆွဲရာတွင် မြေမနက်ရန်လိုကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၄)ပြည် စိုက်ပျိုးကြောင်း၊ ထွန်ကြောင်းဆွဲပြီး ကြဲပတ်စနစ်ဖြင့် မျိုးစေ့များ မြေကြီးထဲတွင်ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့်ခပ်ပါးပါးဖုံးအုပ်ပြီး စိုက်ပျိုးပါကအထွက် တိုးခြင်းကို ဆွဲ၍ အထောက်အကူပြုကြောင်း သိရှိရသည်။ ယခင်နှစ် မိုးနှမ်းတစ်ဧကလျှင် (၅.၆) တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက် အထွက်နှုန်း ပိုမိုနိုင်မည်ဟု ခန့်မှန်းကြောင်း နှမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ နှမ်းတစ်တင်း ဆီကြိတ်ပါကနှမ်းဆီ (၆) ပိဿာထွက်ရှိကြောင်း၊ ယခု ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်တွင်နွားထိုးကြီးမြို့ နယ်၌ဆောင်းနှမ်းညို တစ်တင်းလျှင် (၈၈၀၀၀) ကျပ်ခန့်ပေါက်ဈေးများရှိကြောင်း၊ ပွဲရုံများတွင် နေ့စဉ်အိတ် (၁၅၀-၂၀၀) ခန့်အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။
DOCA( မန္တလေး)