“နံနံပင်စိုက်ပျိုးခြင်းဖြင့်အပိုဝင်ငွေရရှိ”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ထိုအထဲတွင်မှ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နံနံပင်ကိုလည်း တောင်သူများမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပါသည်။ကျွန်မတို့မြန်မာလူမျိုးများသည် နံနံပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါသည်။ နံနံပင်ကို ဆောင်ရာသီတွင်စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး ကျန်ရာသီ များတွင်ရှားပါးပြီးစျေးကောင်းရရှိသောသီးနှံတစ်မျိုးဖြစ်ပါသည်။ နံနံပင်စိုက်ပျိုးရန် အသင့်တော်ဆုံး မြေအမျိုးအစားမှာ ရေမဝပ်သောနှုံးမြေဖြစ်ပြီး ဘောင်များပြုလုပ်၍ စိုက်ပျိုသလို ကြက်သွန်ခင်း၊ ကုလားပဲခင်းများတွင် သီးထပ်သီးညှပ်အဖြစ်လည်းစိုက်ပျိုးကြပါသည်။ နံနံစေ့ မစိုက်ခင်မြန်မြန် အပင်ပေါက်စေရန် ရေတွင်၂၄ နာရီကြာစိမ်ရကြောင်း၊အစေ့ကိုရေမစိမ်မီ ဂုံနီအိတ်ပေါ် တွင်တင်၍ ပုလင်းဖြင့်နှစ်ခြမ်းကွဲသွားစေရန် အသာအယာလှိမ့်ပေးရပါသည်။ရေတွင် ၂၄နာရီကြာ စိမ်ရာ၌ ရေနှစ်ကြိမ်လဲပေးပြီးနောက်ဆယ်ယူ၍စစ်ထားပေးရမည်။အပင်ပေါက်ပြီး ၄၅ရက်ကြာမှ စတင်၍ ခူးယူစားသုံးခြင်း၊‌ရောင်းချခြင်းများပြုလုပ်နိုင်ပါသည်။ယခုအချိန် စျေးကွက်ထဲ၌ နံနံပင်တစ်စည်းလျှင်(၂၀၀-၃၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)