“ဇွန်ပန်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကိုအဓိက စိုက်ပျိုးကြပြီး၊ ပင်တလည်ကျေးရွာရှိဥယျာဉ်ခြံမြေများပေါ်တွင် နေ့စဉ်ဝင်ငွေရရှိရန်အတွက် ကာလတိုသီးနှံများ ဖြစ်သည့် မုံညင်း၊ဆလပ်၊ခရမ်းသီး၊ရုံးပတီသီးနှင့် ပန်းအမျိုးမျိုးကိုလည်း စိုက်ပျိုးလျှက်ရှိပါသည်။ ဇွန်ပန်းများ သည် တစ်နှစ်ပတ်လုံးဖူးပွင့်သည်ဆိုသော်လည်း နယုန်လမှ တန်ဆောင်မုန်းလ အထိ(၆)လခန့်တွင် အဖူးများလှိုင်လှိုင်ဖူးသဖြင့် ဇွန်ပန်းရာသီဖြစ်ကြောင်း၊ ဇွန်ပန်းများသည် ကျေးလက်နေ အမျိုးသမီးများအတွက် အလုပ်အကိုင်ပေးနေသော ပန်းဟုလည်းဆိုရပေမည်။ တစ်ဧကလျင် ဇွန်ပန်းရုံ(၁၅၀)ရုံခန့် စိုက်ပျိုးနိုင်ကြောင်း၊ ဇွန်ပန်းရုံတစ်ရုံလျင် ပန်းဖူးနို့ဆီဗူး(၂-၃) ဗူးခန့်ထွက်ရှိကြောင်း၊ ဇွန်ပန်းတစ်ဗူးလျင်(၁၂၀၀)ကျပ်ခန့် ရောင်းချရကြောင်း၊ ဇွန်ပန်းရုံ (၅၀)ရုံခန့် စိုက်ပျိုးထားပါက တစ်ရက်လျင်(၁၈၀၀၀၀)ကျပ်ခန့် ဝင်ငွေရရှိကြောင်း၊ တဆင့်ရောင်းချသည့် ပန်းသည်များအနေဖြင့် ပန်းတစ်ဗူးလျင်အပွင့်(၃၀)ပါပန်းကုံး (၄၀)ကုံးခန့် ရရှိကြောင်း၊ ပန်းကုံး (၇)ကုံးလျင်(၅၀၀)ကျပ်ဖြင့် တစ်ရက်လျင်နို့ဆီဗူး(၁၆)ဗူးရောင်းချရသဖြင့် တဆင့်ရောင်းချသူများ အတွက် နေ့တွက်မကအမြတ်ကျန်ကြောင်း၊ ဇွန်ပန်းစိုက်တောင်သူများအနေဖြင့် ပန်းဒိုင်များမှ အိမ်အထိလာရောက်ဝယ်ယူသဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း၊ဇွန်ပန်းစိုက် တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မန္တလေး)