“‌ဂွေးပင်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

   ကျောက်ဆည်ခရိုင်သည် မြေဆီမြေလွှာကောင်းမွန်သော ဒေသတစ်ခုဖြစ်ပြီး ရာသီပေါ်သီးနှံ မျိုးစုံများစိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်ကိုလည်းစိုက်ပျိုးလျှက်ရှိရာ မိသားစု အပိုဝင်‌ငွေရရှိသည့် ရာသီမရွေးစိုက်ပျိုးပြီး ရာသီမရွေးစားသုံးနိုင်သည့် စျေးကွက်ဝယ်လိုအားရှိသည့် ဂွေးပင်များကို တိုးချဲ့စိုက်ပျိုးလာကြပါသည်။စိုက်ပျိုးမှုအများဆုံးအနေဖြင့် တစ်နှစ်ပတ်လုံးသီးသော ဂွေးပင်အမျိုးအစားကို အများဆုံးစိုက်ပျိုးကြကြောင်း၊ဂွေးပင်(၁)ဧက စိုက်ပျိုးလျှင် အပင်ရေ(၅၀-၆၀) အထိစိုက်ပျိုးနိုင်ကြောင်း၊ ဂွေးပင်ဝယ်ယူစိုက်ပျိုးလျှင် ပျိုးပင်အနေဖြင့် တစ်ပင်လျှင် အပင် အရွယ် အစားပေါ်မူတည်ပြီး(၂၀၀၀-၄၅၀၀)ကျပ်အထိရှိပြီး ဂွေးပင်စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မိသားစုလုပ်အားမပါ(၇၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုး သော ရွာများမှာ ပင်တလယ်ရွာ၊ကျောက်ခုံရွာနှင့်ပေါင်လောင်ရွာများတွင် စိုက်ပျိုးကြပြီး (၁)ဧက ဂွေးသီး အထွက်နှုန်း အနေဖြင့် တစ်ပင်လျှင် ဂွေးသီး(၃၀၀)လုံးခန့်သီးကြောင်း ၊ အလုံးပေါင်း(၁၅၀၀)ခန့်အထိ သီးကြောင်း၊ (၁၀)လုံးလျှင် ပျမ်းမျှစျေး (၂၅၀/-)ကျပ်ခန့်ရောင်းရကြောင်း၊ ရာသီချိန်ပေါ်မူ တည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊စျေးကွက်အနေဖြင့် အချဉ်ပေါင်း ရောင်းသူများမှ ခြံထဲအထိလာရောက်ဝယ်ယူ ကြပြီး ပွဲစားများမှတဆင့် ကုန်စိမ်းရောင်းချသူများထံသို့ ပြန်လည် ရောင်းချကြကြောင်းသိရှိရပါသည်။ ဂွေးသီးသည် ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်ကြောင်း၊  အရည်ရွှမ်းပြီး  အမျှင်ဓာတ်တွေကြွယ်ဝစွာ ပါဝင်တဲ့အသီးဖြစ်သလို သွေးလည်ပတ်မှုကို ကောင်းမွန် ကြောင်း၊ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသောအသီးဖြစ်၍ စားသုံးသင့်ကြောင်း၊  ဂွေးသီးပင်သည်  နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးဝင်ငွေရရှိပြီး အကျိုးအမြတ်များရရှိကြောင်း၊ ဂွေးသီးပင် ခြံပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)