ညောင်တုန်းမြို့နယ်တွင် ဆင်းသုခ စပါး ရိတ်သိမ်းထွက်ရှိ

Powered by Drupal

   မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ကျုံတမာကျေးရွာအုပ်စု ၊ချောင်းဝ ကျေးရွာတောင်သူ ဦးခင်ဦး၏လယ်မြေတွင် စိုက်ပျိုးသော ဆင်းသုခစပါး(၄)ဧက ရိတ်သိမ်းမှုအား‌ စားသုံးသူရေးရာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှုးတို့နှင့်အတူ ကွင်းဆင်းလေ့လာခဲ့ကြသည်။

   ရိတ်သိမ်းထွက်ရှိနေသော ဆင်းသုခ စပါးဈေးနှုန်းအခြေအနေများကို လေ့လာသုံးသပ်ခဲ့ရာ အစိုဓါတ် ၃၅ရာခိုင်နှုန်း ပါဝင်သည့် ၅၀ပေါင်ကိုက် စပါးတင်း ၁၀၀ ကွင်းဈေးအနေဖြင့် (၁၀)သိန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ အစိုးဓါတ် ၁၄ရာခိုင်းနှုန်း ထိ လျော့နည်းမည်ဆိုပါက တင်း၁၀၀ ဈေး ၅၀ပေါင်ကိုက် ၁၀၇၅၅၀၀ ဈေးရရှိကြောင်း၊ မြို့ပေါ်သယ်ယူစရိတ် ၁၀၀၀၀၀ကျပ်၊ အခြောက်ခံစရိတ် ၁၂၀၀၀၀ကျပ်၊ စုစုပေါင်း ၂၂၀၀၀၀ ကုန်ကျကြောင်း၊ စပါး ၄၆ပေါင် တင်း ၁၀၀ စက်အရောက်ဈေးအနေဖြင့် ၁၁၉၂၀၀၀ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကွင်းဈေးအနေဖြင့် ၉၉၀၀၀၀ကျပ် ဈေးပေါက်လျက်ရှိကြောင်း၊ လက်ရှိတွင် စပါးဈေးတည်ငြိမ်မှု မရှိသေးပဲ အနည်းငယ်ကျဆင်းချက်ရှိကြောင်း၊ စပါးလှိုင်လှိုင်ထွက်ပေါ်ပါက  ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်ကြောင်း၊ တောင်သူ ဦးခင်ဦး၏ ၄ဧကတွင် စပါးအထွက်နှုန်း ၈၅ ရာခိုင်နှုန်းထွက်ရှိကြောင်း နယ်မြေကွင်းဆင်းချက်များအရ သိရသည်။

DOCA(ဧရာဝတီ)