တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ရောင်းချနေသောနာနတ်သီးဈေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် နာနတ်သီးများကို စီးပွားရေးဖြစ် တစ်နိုင် တစ်ပိုင်စိုက်ပျိုးကြပြီး အခြားသောသီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ တနင်္သာ ရီတိုင်းဒေသကြီးသည် ပူအိုက်စိုစိုက်သောဒေသဖြစ်သည့်အတွက် နာနတ်သီးပင်များ စိုက်ပျိုးကြကြောင်းလည်း သိရှိရပါသည်။ နာနတ်သီးပင်သည် ရေဝပ်ခြင်းကိုကြောက်သည့် အတွက်ကြောင့် သဲဆန်ဆန်မြေများနှင့် မြေချဥ်များတွင် ပိုမိုဖြစ်ထွန်းကြောင်းသိရှိရပါသည်။ နာနတ်သီးကို လူတိုင်း စားပေးသင့်သည့်အစားအစာဖြစ်သည့်အတွက်‌ကြောင့် ကျန်းမာရေးအတွက်စားပေးသင့်ကြောင်း လည်း သိရှိရပါသည်။ နာနာတ်သီးကို ပုံမှန်စားပေးခြင်းဖြင့် ဗီတာမင် စီကြွယ်ဝခြင်း၊ ကိုယ်ခံအားကိုတိုးစေခြင်း၊ သွေးတိုးနှင့်ဆီးချိုရောဂါများ အစရှိသည့်ရောဂါများကို လည်းကာကွယ်ပေးကြောင်း သိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် ရန်ကုန်မြို့နှင့် ထားဝယ်မြို့မှ တင်သွင်းသော ယိုးဒယားနာ နတ်သီးမှာ ပိုမိုအရောင်းသွက်နေကြောင်း သိရှိရပါသည်။

    ယခု၂၀၂၅ခုနှစ် စက်တင်ဘာလနောက်ဆုံးတွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ယိုးဒယားနာနတ်သီးဈေးနှုန်းမှာ တစ်လုံးလျှင် (၆၀၀၀)ကျပ်ခန့်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)