
သကြားပြောင်းဖူးများ ရန်ကုန်သီရိမင်္ဂလာဈေးမှ မအူပင်ကုန်စိမ်းဈေးကွက်သို့ နေ့စဉ် ဝင်ရောက်လျက်ရှိသည် ။ မအူပင်မြို့နယ်တွင် စိုက်ပျိုးသော ဖူးစားပြောင်းများ မထွက်ရှိသေးချိန်တွင် ရန်ကုန်မှ မှာယူရောင်းချကြောင်း သိရသည်။ ရန်ကုန်မှ သကြားပြောင်းဖူးများကို နေ့စဉ် အဖူး ၁၀၀ပါ ၅၀အိတ် နေ့စဉ် မအူပင် အခွန်လွတ်ဈေး ကုန်စိမ်းသည်များက မှာယူရောင်းချကြောင်း၊ ပြောင်းဖူး ၁၀၀ပါ ၁အိတ်ကို ၃ရက်အတွင်း ရောင်းကုန်ကြောင်း သိရသည်။
၂၀၂၅ခုနှစ် စက်တင်ဘာလ တတိယပါတ်က ၁ဖူးလျှင် ၈၀၀ကျပ်ဖြင့် ရောင်းချပြီး အဖူး၁၀၀ပါ ၁အိတ် တန်ဖိုးမှာ သယ်ယူစရိတ်အပါအဝင် ၆သောင်းကျပ် ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၂၀၀၀၀ကျပ်ကို ၃ရက်အတွင်း ရရှိကြောင်း၊ ရောင်းအားကောင်း၍ သကြားပြောင်းများ ဈေးနှုန်း တည်ငြိမ်လျက် ရှိကြောင်း သကြားပြောင်းများကို မေလမှ စက်တင်ဘာလ အထိ ပုံမှန် ဝင်ရောက်၍ ရောင်းချနေရကြောင်း ကုန်စိမ်းသည်ထံမှ သိရသည်။
DOCA(ဧရာဝတီ)