အိမ်ရာကဏ္ဍရှိ MSME လုပ်ငန်းများအား ချေးငွေထောက်ပံ့ပေးနိုင်ရန် ဝန်ကြီးဌာနကြိုးပမ်း

Powered by Drupal

            အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (MSME) ဝန်ကြီးဌာနသည် Funding- Worthy Business (Bislaf) ပရိုဂရမ်မှတစ်ဆင့် အိမ်ရာမြေကဏ္ဍရှိ MSME လုပ်ငန်းများအား ချေးငွေထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်းလျှက်ရှိကြောင်း သိရပါသည်။ ထိုကနဦးဆောင်ရွက်မှုသည် MSME လုပ်ငန်းများ၏ ဘဏ္ဍာရေးလိုအပ်ချက်များအား ဘဏ္ဍာရေးအသင်းအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံ သူများထံမှ ရန်ပုံငွေအခွင့်အလမ်းများနှင့် ချိတ်ဆက်ပေးရန် အားထုတ်မှုဖြစ်ပြီး တစ်ချိန်တည်းမှာ ပင် အစိုးရ၏အိမ် ၃ သန်း ပရိုဂရမ်ကို ပံ့ပိုးပေးရန်ဖြစ်ကြောင်း သိရပါသည်။ အနောက်ဂျာဗားရှိ Bogor မြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့ကကျင်းပခဲ့သည့် Bislaf Intimate စီးပွားရေး ချိတ်ဆက်မှုအခမ်းအနားတွင် ဝန်ကြီးဌာန၏ အသေးစားလုပ်ငန်းများဦးစီးဌာနမှ ဒုတိယအကြီး အကဲဖြစ်သူ Temmy Satya Permana က MSME လုပ်ငန်းများသည် အိမ်ဆောက်လုပ်ရေးတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်နေကြောင်း၊ ၎င်းတို့သည် MSME လုပ်ငန်းများ၏ စီးပွားရေးစွမ်းရည် တိုးတက်စေရန်ကြိုးပမ်းနေကြောင်းနှင့် သို့မှသာ အိမ် ၃ သန်း ဆောက်လုပ်ရေးတွင် ပူးပေါင်း ပါဝင်နိုင်ရန် ၎င်းတို့အဆင်သင့်ဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနထံမှ အချက် အလက်များအရ အိမ်ရာမြေကဏ္ဍတွင်လုပ်ငန်းလည်ပတ်နေသည့် MSME လုပ်ငန်းပေါင်း ၁၀၄၀၀၀ ပတ်လည်ရှိပြီး ၃၅၀၀၀ မှာဆောက်လုပ်ရေးဝန်ဆောင်မှုတွင်ဖြစ်ပြီး ၇၀၀၀၀ နီးပါးမှာ ဆောက်လုပ်ရေးပစ္စည်းရောင်းချသူများဖြစ်ကြောင်း သိရပါသည်။ Permana က ထို MSME လုပ်ငန်းများသည် စိန်ခေါ်မှုများနှင့်ဆက်လက်ရင်ဆိုင်နေရပြီး အထူးသဖြင့် ချေးငွေရရှိမှုတွင် ဖြစ်ကြောင်း၊ ထိုအချက်ကိုအဆုံးသတ်ရန် Bislaf သည် MSME လုပ်ငန်းများ၏လိုအပ်ချက်နှင့် ဘဏ္ဍာရေးအသင်းအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရပရိုဂရမ်များပါဝင်သည့် များစွာသော အရင်းအမြစ်များထံမှ ဘဏ္ဍာရေးအခွင့်အလမ်းများကြားတွင် ပေါင်းကူးတံတားသဖွယ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည် အိမ်ရာ ၃၅၀၀၀၀ အတွက် အိမ်ရာ ချေးငွေအထောက်အပံ့ဖော်ဆောင်ပေးမှုအစီအစဉ် (FLPP) နှင့် ကိုယ်တိုင်တည်ဆောက်သည့် အိမ်ရာအတွက်လှုံ့ဆော်မှုအထောက်အပံ့ (BSPS)  အစရှိသည့်များစွာသော ပံ့ပိုးမှုမူဝါဒများ ဖော်ဆောင်လျှက်ရှိကြောင်း သိရပါသည်။ အသေးစားလုပ်ငန်းဦးစီးဌာန၏  ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဒုတိယဌာနမှူးအကူ Ali Manshur က Intimate Business Matching အခမ်းအနားသည် ၂၀၂၅ ခုနှစ် ဇွန်လမှစတင်ကျင်းပခဲ့သည့်အခမ်းအနားများထဲတွင် ထိပ်တန်းအခမ်းအနား ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ရွေးချယ်ခြင်းခံရသည့် MSME လုပ်ငန်း ၁၆ ခုသည် pitching နှင့် pitching ပြုလုပ်ခြင်းနှင့် ဘဏ္ဍာရေးအသင်းများနှင့် တစ်ဦးခြင်းတွေ့ဆုံ မှုများပြလုပ်ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)