ပြည်မြို့၏ ပိန်းဥဈေးကွက်

Powered by Drupal

    ပြည်ခရိုင်အတွင်းရှိ မြို့နယ်များနှင့် ဈေးများတွင် ပိန်းဥများစတင်ထွက်ပေါ်နေကြသည်ကို တွေ့ရသည်။ ပိန်းဥသည် ပိန်းပင်၏ (ဥ)ဖြစ်ပြီး မြေကြီးထဲက တူးယူရသော သဘာဝဆေးဖက်ဝင် ဥတစ်မျိုးဖြစ်ပြီး ယခုဆောင်းရာသီတွင် ထွက်ရှိသော ရာသီစာ အစားအစာတစ်မျိုးဖြစ်သည်။ ပိန်းဥကို ပြုတ်၍စားကြသလိုဟင်းချက်၍လည်း စားသုံးကြလေ့ ရှိသည်။ ပိန်းဥကို စားသုံးပေးခြင်းဖြင့် အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းပျက်၊ ဝမ်းလျောရောဂါ၊ နှလုံးရောဂါနှင့် မျက်စိကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေသောကြောင့် စားသုံးပေးသင့်သော ရာသီစာ အစားအစာတစ်မျိုးဖြစ်ပါသည်။  ပြည်မြို့၏ ဈေးများတွင် ပိန်းဥတစ်ဆယ်သား (၆၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)