ရွှေတောင်ဒေသထွက် ပဲစောင်းခါးသီး (ကင်းခြေမြား)

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဝန်ကျေးရွာရှိ တောင်သူ ဦးစိုးမြင့်လေး၏ ပဲစောင်းခါးသီးခြံသို့ (၁၂.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၀: ၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ ပဲစောင်းခါးသီးမျိုးများကို မေလတွင် ရေလောင်း၍စတင်စိုက်ပျိုးပြီး (၃)လခွဲ ဩဂုတ်လလယ်တွင် အသီးစတင်ခူးဆွတ် ရောင်းချရပါသည်။ စိုက်ဧက (၂)ယောက်စိုက်ရှိပြီး အပင်ရေ (၁၀၀၀)ကျော်ရှိပါသည်။ တစ်ခါခူးလျှင် အတောင့် (၃၀၀၀)ခူးဆွတ်ရရှိပြီး (၂)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ပွဲစားများက ရန်ကုန်သို့ပို့ရန် ပဲစောင်းခါးသီး တစ်တောင့်လျှင် (၈)ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူကြပါသည်။ စုစုပေါင်းကုန်ကျစရိတ် စုစုပေါင်းမှာ (၃)သိန်းကျော် ရှိပြီး အကျိုးအမြတ်ကတော့ ဈေးနှုန်းအပြောင်းအလဲနှင့် အသီးခူးဆွတ်နိုင်မှုအပေါ်မူတည်ပြီး ပြောင်းလဲနိုင်သောကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)