
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မဈေးတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါးကြင်း၊ ငါးမြင်း၊ ငါးခူ၊ ငါးရံ့၊ ပုစွန်နှင့် အခြားအသားငါးမျိုးစုံရောင်းချလျက်ရှိရာ ယခု စက်တင်ဘာလ(ဒုတိယအပတ်)၌ အသားငါးများဈေးနှုန်းများမှာ ယခင်လထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။
ယခင်လက ကြက်သား ၁ ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ယခုလတွင် ၂၃၀၀၀ ကျပ်အထိ လည်းကောင်း၊ ဝက်သား ၁ ပိဿာလျှင် ၃၀၀၀၀ ကျပ်မှ ၃၃၀၀၀ ကျပ်အထိလည်းကောင်း၊ အမဲသား ၁ ပိဿာလျှင် ၂၅၀၀၀ ကျပ်မှ ၂၈၀၀၀ ကျပ်အထိလည်းကောင်း၊ ဆိတ်သား ၁ ပိဿာလျှင် ၇၅၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ်အထိလည်းကောင်း၊ ယခင်လက ငါးကြင်း ၁ ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ယခုလတွင် ၁၈၀၀၀ ကျပ်အထိ လည်းကောင်း၊ ငါးမြင်း ၁ ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ် အထိ လည်းကောင်း၊ ငါးခူ ၁ ပိဿာလျှင် ၃၀၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်အထိလည်းကောင်း၊ ငါးရံ့ ၁ ပိဿာ လျှင် ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ လည်းကောင်းဈေးနှုန်းမြင့်တက်လျက်ရှိပြီး အခြား ငါးကလေးများကတော့ ဈေးနှုန်းပုံမှန်ရှိကြောင်း သိရသည်။
DOCA(ပဲခူး)