Languages

စေ့စပ်ညှိနှိုင်းခြင်း(Mediation)

Powered by Drupal

၂၀၁၆ ခုနှစ် ဇွန်လအတွင်းတွင် မန္တလေးမြို့နေ စားသုံးသူတစ်ဦး ဝယ်ယူခဲ့သော LCD-TV မှာ အာမခံသက်တမ်းတစ်နှစ်မပြည့်မီပျက်စီးသွားသဖြင့် အရောင်းစင်တာသို့ ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ရာတွင် အရောင်းဆိုင်မှ ပြင်ဆင်ဆောင်ရွက်ပေးခြင်းနှင့်အစားထိုးလဲလှယ်ပေးခြင်း ငြင်းဆန်ခဲ့ပြီး သုံးစွဲသူ၏အားနည်းချက်ကြောင့် ပျက်စီးခြင်းဖြစ်ကြောင်းအကြောင်းပြခဲ့သဖြင့် ထိခိုက်နစ်နာသူမှ သူ၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် postတင်ခဲ့ပါသည်။
ယင်း Post အား မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရှိပြီး နစ်နာဆုံးရှုံးသည့် စားသုံးသူနှင့့် ဆက်သွယ်တွေ့ဆုံ၍ ထိခိုက်နစ်နာမှုအပေါ် စိစစ်ခဲ့ပြီး နောက် လုပ်ငန်းရှင်နှင့်ဝယ်ယူသုံးစွဲသည့် စားသုံးသူများ အကြားအငြင်းပွားမှု အပေါ် TV အသစ် တစ်လုံး အစားထိုးလဲလှယ်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။