ကြိုးဖုန်းလိုင်းပြတ်တောက်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေ တိုင်ကြားသူတစ်ဦးသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြိုးဖုန်းသည် လိုင်းပြတ်တောက်နေသည်မှာ (၂) နှစ်ကြာ ပြီဖြစ်သော်လည်း ပြင်ဆင်ပေးမှု မရှိသည့်အပြင် လစဉ် ဘေလ်ပေးဆောင်နေရသောကြောင့် စားသုံးသူရေးရာဦးစီး ဌာန၏ Call Center သို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သက်ဆိုင်ရာဌာနစိတ်မှစိစစ်ချက် များအရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစတင်ပြီး ကြိုးဖုန်း များကို VOIP စနစ်ဖြင့် ဝန်ဆောင်မှုပြောင်းလဲဆောင်ရွက်မည်ကို တိုင်ကြားသူထံ ကြိုတင်အကြောင်း ကြား ညှိနှိုင်းခဲ့သော်လည်း လက်ခံခြင်းမရှိသဖြင့် Copper Dropwire မှာ ဖြတ်တောက်ခိုးယူခံရခြင်း ကြောင့် Dropwire ထပ်မံထောက်ပံ့ပေးနိုင်ခြင်းမရှိတော့ခြင်းဖြစ်ပါကြောင်း၊ VOIP စနစ်သို့ ပြောင်းလဲ သုံးစွဲရန် တိုင်ကြားသူ၏ လက်ခံသဘောတူညီချက်အရ ၂၉-၈-၂၀၂၆ ရက်နေ့တွင် ပြောင်းလဲဆောင် ရွက်ပေးခဲ့ရာ ကြိုးဖုန်းဝန်ဆောင်မှုကို ပြန်လည်အသုံးပြုနိုင်ခဲ့ပြီ ဖြစ်ပါကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ လိုင်းပြတ်တောက် နေစဉ်အတွင်း လစဉ်ကြေး ဘေလ် စုစုပေါင်း ၂၄,၁၅၀/- ကျပ်အား အဆိုပါကြိုးဖုန်းနံပါတ်သို့ ဘေလ် ပြန်လည်ဖြည့်သွင်းပေးမည် ဖြစ်ပါကြောင်းနှင့် တိုင်ကြားမှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်ကြားသူကျေနပ်လက်ခံသည် အထိ ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာပါသည်။ ဌာနမှတာဝန်ရှိသူက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာရောက်ပြင်ဆင် ပေးပြီးဖြစ်၍ တိုင်ကြားမှုကို ပိတ်သိမ်းလိုကြောင်း ပြန်လည်ပြောကြားလာသဖြင့် စေ့စပ်ညှိနှိုင်း ခြင်းဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့သည်။