
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နေ တိုင်ကြား သူတစ်ဦးသည် ဆိုလာအရောင်းကုမ္ပဏီတစ်ခုမှ ဆိုလာ ဝယ်ယူ တပ်ဆင်ခဲ့ရာ (၁)နှစ်ကြာပြီးနောက် Watts အထွက် နည်းလာသဖြင့် လိုအပ်သည်များ စိစစ်ပြုပြင်ပေးနိုင်ရန် ကုမ္ပဏီသို့ ဆက်သွယ်အကြောင်းကြားသော်လည်း အဆင် ပြေမှုမရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ဆိုလာအရောင်းကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် တိုင်ကြားသူနှင့်ဆက်သွယ်၍ အမြန် ဆုံးဖြေရှင်းဆောင်ရွက်သွားရန် အကြောင်းကြားစာပေးပို့ခဲ့သော်လည်း ပြေလည်မှုမရှိသောကြောင့် တိုင်ကြားသူနှင့် လုပ်ငန်းရှင်နှစ်ဦးနှစ်ဖက်တို့အားဌာနသို့ ခေါ်ယူတွေ့ဆုံညှိနှိုင်းပေးခြင်းများ ဆောင် ရွက်ခဲ့ရာ ကုမ္ပဏီမှ တိုင်ကြားသူနေအိမ်တွင်တပ်ဆင်ထားသော ဆိုလာချပ်များအား ဖြုတ်ယူ၍ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ငွေပြန်အမ်း ပေးခဲ့ရာတိုင်ကြားသူမှ ကျေနပ်လက်ခံခဲ့ သဖြင့် တိုင်ကြားမှုအား စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းပေးခြင်းဖြင့် ဖြေရှင်းဆောင် ရွက်ခဲ့သည်။
