မိတ္ထီလာခရိုင်၏ ဝါသီးနှံစိုက်ပျိုးမှု

Powered by Drupal

       မိတ္ထီလာခရိုင်ရှိ မြို့နယ် (၄) မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအနက် ဝါသီးနှံကို လည်း စိုက်ပျိုးဖြစ်ထွန်းရာ စိုက်ပျိုးကာလပေါ်မူတည်၍ မိုးကြိုဝါ၊ မိုးဝါ၊မိုးနှောင်းဝါဟူ၍ စိုက်ပျိုးကြပါသည်။ မိုးကြိုဝါကို ဖေဖော်ဝါရီ၊ မတ်လများတွင် စိုက်ပျိုးရာ နွေရာသီဖြစ်၍ ဆည်ရေရရှိသော မြေများ တွင်သာစိုက်ပျိုးနိုင်သဖြင့် နှစ်စဉ် သာစည်မြို့နယ်တွင်သာ ဧကအနည်းငယ်ဖြင့် စိုက်ပျိုးနိုင်ပြီး၊ မိုးဝါနှင့် မိုးနှေင်းဝါကိုသာမြို့နယ်အားလုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးအနေနှင့် မလှိုင်ဝါကို မိတ္ထီလာ မြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် စိုက်ပျိုးမှုရှိရာ မလှိုင်ဝါမှာ ချည်မျှင်တိုပြီး အထွက်နှုန်းအနေဖြင့် တစ်ဧက ပိဿာ (၁၀၀) ကျော်သာထွက်ရှိပါသည်။ ချည်မျှင်ရှည်ဝါမှာ အထွက်နှုန်းကောင်းရာ တစ်ဧက ပျမ်းမျှ (၃၅၀) မှ (၄၀၀) ပိဿာကျော်ထိထွက်ရှိသဖြင့် အများအပြား စိုက်ပျိုးကြပါသည်။ ယခုနှစ် (၂၀၂၅-၂၀၂၆ ခုနှစ်) စိုက်ပျိုးရာသီတွင် မျိုးဈေးမှာ ရာကာ (၁) ထုပ်လျှင် (၆၅၅၀၀) ကျပ်၊ ရွှေတောင် - ၁၀ မျိုးမှာ တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ရာကာတစ်နှစ်စိုက်ပြီးမျိုးမှာ တစ်ပိဿာ (၃၀၀၀) ကျပ် ဈေးရှိခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအတွက် မိတ္ထီလာခရိုင်တွင် မလှိုင်ဝါ (၄၁၁၄) ဧက၊ ချည်မျှင် ရှည်ဝါ (၂၄၂၇၂) ဧက၊ စုစုပေါင်း (၂၈၃၈၆) ဧက စိုက်ပျိုးထားရာ ယခင်နှစ်ထက်ဲဧက (၂၀၀၀) ကျော် ပိုမို စိုက်ပျိုးနိုင်ကြောင်း သိရသည်။

DOCA(မန္တလေး)