
မိတ္ထီလာမြို့ ၊ မြို့မဈေးကြီးရှိ အညာဒေသထွက် စားသောက်ကုန်များတွင် ထန်းလျက်မှာလည်း အရောင်းသွက်ကြောင်း သိရသည်။ ထန်းလျက်ကို ထန်းဖိုဦးထန်းလျက် ၊ ရိုးရိုးထန်းလျက် ၊ နို့ ထန်းလျက်၊ နှမ်းဖက်ဆုပ် ၊ ဇီးထန်းလျက်ဟူ၍ အမျိုးမျိုးပြုလုပ်ရောင်းချကြသည်ကို တွေ့ရပါသည်။ မိတ္ထီလာဈေးကွက်သို့ မလှိုင် ၊ တောင်သာ ၊ ကျောက်ပန်းတောင်း တို့မှအများဆုံးဝင်ရောက်ပြီး မိတ္ထီလာ ဈေးကွက်မှ တောင်ကြီး ၊ တာချီလိတ် ၊ ရန်ကုန်မြို့များ အမှာရှိမှုအပေါ်မူတည်၍ ပြန်လည်ရောင်းချရကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ထန်းဖိုဦးထန်းလျက်မှာ ၇၅၀၀/-၈၀၀၀/ ကျပ်၊ ရိုးရိုးထန်းလျက်မှာ ၆၀၀၀/ကျပ် ၊ နှမ်းဖက်ဆုပ် ၊ ဇီးထန်းလျက် ၊ နို့ထန်းလျက်တို့မှာ ၇၀၀၀/ကျပ်ရှိပြီး ဈေးကွက်အရောင်းအဝယ်ပုံမှန်ရှိကြောင်း ၊ မိုးတွင်းကာလဖြစ်၍ ဈေးကွက်သို့ ထန်းလျက်အသစ်များ ဝင်ရောက်မှုနည်းကြောင်း ဈေးကွက်မှ စုံစမ်းသိရပါသည်။
DOCA(မန္တလေး)