ကန့်ဘလူမြို့မဈေးရှိ စကားဝါပန်းနှင့် စကားဖြူပန်းဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါပန်းနှင့်စကားဖြူပန်းမျိုး မှာ အပင်ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါပန်း၊ စကား ဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်အဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေးကွက်၌ ဖြစ်ပေါ်နေသောစကားဝါပန်းဈေးနှုန်းမှာ စကားဝါပန်း(၁)ကုံးလျှင်(၄၀၀)ကျပ်၊ စကားဝါပန်း(၂)ကုံးလျှင် (၇၀၀) ကျပ်၊ စကားဖြူပန်းသည် အဝင်နည်းသည့်အတွက် (၁)တစ်ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူပန်း (၃)ကုံး လျှင်(၁၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မြို့မဈေးရှိ ပန်းမျိုးစုံရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)