Denko 3 စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         (၁၅-၉-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေး ရာဦးစီးမှူးရုံးမှ) ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)သည် (၂၇)ရပ်ကွက်၊ ဘုရင့်နောင်လမ်း, မြောက်ဒဂုံမြို့နယ် စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါ အရောင်းဆိုင်တွင် (၁၅-၉-၂၀၂၅) ရက်နေ့၊ ရောင်းဈေးတစ်လီတာလျှင် (92-၂၉၂၅ ကျပ်)၊ (95-၂၉၉၅ ကျပ်)၊ (HSD-၂၅၇၅ကျပ်)၊ (PHSD-၃၁၇၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့်ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)