“မြစ်သားမြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

Powered by Drupal

        မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ စက်တင်ဘာလ(၁၂) ရက်နေ့တွင် မြစ်သားမြို့၊ မြို့မစျေးတောင်ဘက်၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  အမဲသား တစ်ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သားတစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၆၅၀/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများသက်သာဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ်သက်မှတ်ထားသောနေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)