
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ဗန္ဓုလဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် စက်တင်ဘာလတတိယပတ်တွင် ရောင်းချနေသော ကွမ်းသီးနှင့် ကွမ်းရွက် ဈေးနှုန်းများအနေဖြင့် ကွမ်းသီး(ရှယ်) ( ၁ ) ပိဿာလျှင်( ၃၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ ( ၁ )ပိဿာလျှင် ( ၂၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ အသင့် ( ၁ ) ပိဿာလျှင် (၂၃၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကွမ်းရွက် ( ရှယ်) ( ၁ ) ပိဿာလျှင် ( ၇၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား ( ၁ )ပိဿာလျှင် ( ၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ အသင့် ( ၁) ပိဿာလျှင် ( ၃၀၀၀)ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်တွင် ၁ပိဿာလျှင် ( ၉၀၀၀)မှ ( ၁၀၀၀၀)ကျပ်ထိရှိခဲ့ရာ ယခုတတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ကွမ်းရွကဈေးများ ကျဆင်းလာကြောင်း သိရသည်။
DOCA(စစ်ကိုင်း)