
မိုးရာသီ မန္တလေးပန်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့ မှထွက်သည့်ရောင်စုံ နှင်းဆီပန်းမျိုးစုံ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စေျးကွက်အတွင်း ရိုးရိုးနှင်းဆီနှင့် ရေမွှေး နှင်းဆီ ဟူ၍ နှစ်မျိုးတွေ့ရှိရပြီး၊ နှင်းဆီပန်းများမှာ အဖြူရောင်၊ အဝါရောင်၊ ပန်း ရောင်၊ မိတ်ကပ် ရောင်၊ လိမ္မော်ရောင်၊ကြက်သွေးရောင်နှင့်အနီရင့်ရောင်တို့ကို အများအပြားတွေ့ရှိရပါသည်။ကြက်သွေးရောင် နှင်းဆီပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ နှင်းဆီပန်း ရိုးရိုး(၁၀ပွင့်ပါ) ၁ စီး လျှင် ပန်းအဖူး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊ ပန်းအဖူး(သေး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ရေမွှေး နှင်းဆီ ၃၅၀၀ ကျပ်နှင့် ၄၅၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဝါတွင်း ကာလ ဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ မိုးရာသီပန်းမျိူးစုံစျေးကွက်တွင် နှင်းဆီပန်း အရောင်မျိုးစုံ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)