ထားဝယ်မြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း/ဈေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကုန်စည်ဒိုင်များသို့ မော်လမြိုင်ဘက်မှ ဟင်းသီး ဟင်းရွက်များ အပြိုင်အဆိုင်ဝင်ရောက်လာပြီဖြစ်ပါသည်။ ရန်ကုန်-ထားဝယ်ကားလမ်းပိတ်သည့် ကာလ တစ်လျှောက် ဟင်းသီးဟင်းရွက်များ အဆမတန်ဈေးတက်ပြီး  ယခုတွင်မူ ခရမ်းချဉ်သီးအပါအဝင် ဟင်းသီးဟင်းရွက်တော်တော်များများအရင်အပတ်ကထက် သိသိသာသာဈေးကျလာကြောင်း၊ ထားဝယ် စည်ပင်သာယာဈေးကြီးအတွင်း၌ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၅၅၀၀-၆၀၀၀) ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)