သံလမ်းဈေးရှိ ငှက်ပျောသီးဈေးနှုန်းများ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများသည့် မိမိတို့အိမ်ခြံဝင်း မြေကွက်လပ်များနှင့် မိမိပိုင်ယာမြေများတွင် ငှက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးရရှိသော ခြံထွက်ငှက်ပျောသီးများကို မုံရွာမြို့ပေါ်ရှိ သံလမ်းဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ သံလမ်းဈေးတွင် ငှက်ပျောသီး ဖီးကြမ်း (အစိမ်း) တစ်ဖီးလျှင် (၂၀၀ဝ/၂၃၀ဝ) ကျပ်၊  ဖီးကြမ်း (အမှည့်) တစ်ဖီးလျှင် (၂၅၀ဝ/ ၃၂၀ဝ) ကျပ်၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ ရွှေနီတစ်ဖီးလျှင် (၃၂၀၀/ ၅၀၀၀) ကျပ်၊ ရွှေဝါတစ်ဖီးလျှင် (၃၂၀၀/ ၅၀၀၀)ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီးလျှင် (၁၅၀၀/ ၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ငှက်ပျောသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)