အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၅.၉.၂၀၂၂)နှင့် ယခု အပတ် (၂၁.၉.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၈၀၀၀ဝိ/-)ယခုအပတ်(၂၉၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်၊ နှမ်းနီ ယခင်အပတ် (၂၅၀၀၀ဝိ/-)ယခုအပတ် (၂၆၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၉၀၀၀ဝိ/-)ယခုအပတ် (၃၁၅၀၀ဝိ/-)ဖြစ်၍ (၂၅၀၀ဝိ/-)၊ နှမ်းပြာ ယခင်အပတ်(၂၅၀၀၀ဝိ/-)ယခုအပတ်(၂၆၀၀၀ဝိ/-) ဖြစ်၍ (၁၀၀၀ဝိ/-)အသီးသီးဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

      ပဲမျိုးစုံစျေးကွက်တွင် ပဲစဉ်းငုံ(နီ)(၂၀)ပိဿာ တစ်တင်းလျှင် ယခင်အပတ်(၆၄၀၀ဝိ/-) ယခုအပတ် (၆၆၇၀ဝိ/-) ဖြစ်၍ (၂၇၀ဝိ/-)ဈေးမြင့်ခဲ့ပါသည်။ ပဲကြီး ယခင်အပတ်(၈၃၀၀ဝိ/-) ယခုအပတ်(၈၀၀၀ဝိ/-) ဖြစ်၍(၃၀၀ဝိ/-) ဈေးလျော့၊ မတ်ပဲ ယခင်အပတ်(၆၅၀၀ဝိ/-) ယခုအပတ် (၆၃၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(HL) ယခင်အပတ်(၆၇၀၀ဝိ/-) ယခုအပတ် (၆၅၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၆၆၀၀ဝိ/-) ယခုအပတ် (၆၄၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ယခင်အပတ်(၆၀၀ဝိ/-) ယခုအပတ် (၅၈၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံ(နီ) ယခင်အပတ်(၆၁၀ဝိ/-) ယခု  အပတ် (၅၉၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးလျော့၊ မြေပဲတောင့်(စို) တစ်တင်း ယခင်အပတ်(၂၃၀၀ဝိ/-) ယခုအပတ် (၂၂၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) အသီးသီးဈေးနှုန်းများလျော့ပြီး အရောင်းအဝယ်ပမာဏ အနေဖြင့် နှမ်းဖြူ(၇၀)အိတ်၊ နှမ်းနီ(၁၁၅)အိတ်၊ နှမ်းပြာ(၁၈၀၀)အိတ်၊ နှမ်းနက်(စမုံ)(၉၇၀၀)အိတ်၊ ပဲစဉ်းငုံနီ (၁၂၅၀)အိတ်၊ မတ်ပဲ(၃၀၀)အိတ်၊ ကုလားပဲ(HL)(၇၅၀)အိတ်၊ ကုလားပဲ(မြကြေး) (၅၀၀)အိတ်၊ ပဲကြီး(၄၈၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၃၂၀၀)အိတ်၊ မြေပဲလုံး ဆံ(နီ)(၁၁၀၀)အိတ်နှင့် မြေပဲတောင့်(အစို)(၇၀၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)