
ကျွန်းလှမြို့တွင် ရာသီအရွေး ရောင်းချရန်အတွက် လက်လုပ်ချဉ်မျိုးစုံဖြစ်သည့် သရက်ချဉ်၊ သံပုရာချဉ်၊ ပဲတီပင်ပေါက်ချဉ်၊ မုံညှင်းချဉ်၊ သရက်ချဉ်၊ နှမ်းပတ်ချဉ် နှင့် မုံလာချဉ်တို့ကို ကိုယ်တိုင်လုပ်ပြီး ရောင်းချလျက်ရှိပါသည်။
စက်တင်ဘာလ တတိယပတ် အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်းမှာ သရက်သီး ကုလားတည်ချဉ် လက္ကား တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ သရက်သီး ကုလားတည်ချဉ် လက်လီ တစ်ပိဿာကို(၁၅၀၀၀)ကျပ်၊ သရက်သီး ကုလားတည်ချဉ်(၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ်၊ သရက်သီးကုလားတည် ချဉ်(၁၀) ကျပ်သား လျှင်(၁၅၀၀)ကျပ် နှင့် နှမ်းပတ်ချဉ် လက်ဖက်ရည် သောက်ပန်း ကန် တစ်လုံးလျှင် (၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)