
ကြက်တက် ရွက်ကို မိုးဦးကျစတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်တစ်မျိုးလည်း ဖြစ်ပါသည်။ ရာသီစာ ကြက် တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုး သရေစာတစ်မျိုးဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းအနေဖြင့် ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းအနေဖြင့် ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ကြက်တက်ရွက် ပြုတ်ဈေးနှုန်း တစ်ပိဿာလျှင်(၅၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)