
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန် ကုလားပဲကို အမှုန့်ကြိတ်၍ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်များပြုလုပ်ပြီး ကန့်ဘလူမြို့ မဈေးတွင် နေ့စဉ်ရောင်းချလျှက်ရှိကြောင်း၊ သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော တို့ဟူးစိမ်းဈေးနှုန်းများမှာ လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်ကား(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်နှင့် တို့ဟူးခြောက်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း တို့ဟူးစိမ်း ဈေးနှုန်းများမြင့်တကလာကြောင်း ကန့်ဘလူမြို့မဈေးရှိ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)