တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ အုန်းယိုလုံးဈေးကွက်

Powered by Drupal

 အုန်းယိုလုံးသည် မြန်မာရိုးရာအစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ကျန်းမာရေးကို အလွန် ပင်အထောက်အကူဖြစ်စေပါသည်။ ထားဝယ်ဒေသခေါ်ဂါဂျိုး(ခေါ်)အုန်းယိုလုံးကို လူကြီး/ လူငယ် မရွေး ကြိုက်နှစ်သက်သော သရေစာတစ်မျိုးဖြစ်သည်။ အုန်းယိုလုံးကို ဓနိသကြား၊  သီဟိုဠ်စေ့များ နှင့် အုန်းသီးခြစ်ထည့်၍ မီးအေးအေးဖြစ်ကျိုကာ အလုံးလေးများလုံးပြီး နှမ်းများကပ်ကာ ပြုလုပ် သော ထားဝယ်ဒေသထွက်သရေစာ တစ်မျိုးဖြစ်သည်။ တချို့သော နယ်ခံမြို့ များကလည်း လာ ရောက်လည်ပတ်ကြပြီး လက်ဆောင်အဖြစ် ဒေသထွက်အစားအစာများကို ဝယ်သွားကြကြောင်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ စက်တင်ဘာတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များ တွင်ရောင်းချနေသော အုန်းယိုလုံးအထုပ်ငယ်တစ်ထုပ်လျှင် (၅၅၀၀)ကျပ်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)