အထက(၂)၊ အလုံတပ်မြို့ရှိ ကျောင်းမုန့်ဈေးတန်းသို့ ဈေးကွက်ထောက်လှမ်းစစ်ဆေး

Powered by Drupal

          ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်၌ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ထွေထွေအုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်  တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် အလုံတပ်မြို့ရှိ အထက(၂) အခြေခံပညာနှင့်စိုက်ပျိုးရေး အထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းသို့ ဈေးကွက်ထောက်လှမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသည့် အစားအသောက် များအားနမူနာကောက်ယူ၍   အစားအသောက်များ၌ ထည့်သွင်းသုံးစွဲရန် ခွင့်မပြုသော ဓာတုတာရှည် ခံပစ္စည်းနှင့် ဓာတုဆိုးဆေးများ အသုံးပြုထားခြင်းရှိ/ မရှိ  စစ်ဆေးခဲ့ရာ ကြက်ဥပုံဂျယ်လီတွင် ဖော်မလင်ပါရှိကြောင်းနှင့် သင်္ဘောသီးသုပ်တွင် အသုံးပြုထားသော ငါးပိများတွင် (Rhodamine-B) ပါဝင်နေကြောင်း တွေ့ရှိရသဖြင့် ဈေးသည်များအားခေါ်ယူ၍ ကျောင်းအုပ်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များရှေ့မှောက်တွင် ခံဝန်ကတိရေးထိုးစေပြီး၊ အစားအသောက်များအား မြေမြုပ်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)