(MEVM)မဲပေးစက်ဆိုင်ရာ လက်တွေ့စမ်းသပ်အခမ်းအနားကျင်းပ

Powered by Drupal

          (၁၁.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရေတွင်းဖြူကျေးရွာအုပ်စု၊ ထန်းပင်ကုန်းဘုန်းကြီးကျောင်း၌ တိုက်ကြီးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြုလုပ်သော မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။

          အခမ်းအနားသို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင် ဒေါ်ခင်ဝင်းမွန်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကို၊ မြို့မရဲစခန်းမှ ဒုရဲအုပ်နိုင်လင်းသူနှင့်  ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲပေးခြင်းဆိုင်ရာ အချက်အလက်များအား အသိပညာပေးဟောပြောခြင်း၊ မဲဆန္ဒရှင်ပြည်သူများအား စမ်းသပ်မဲပေးခြင်းနှင့်ပတ်သက်ပြီး အသိပညာပေးခြင်း၊ မဲဆန္ဒရှင်ပြည်သူများအား ကိုယ်တိုင်စမ်းသပ်မဲပေးစေခြင်းများ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စမ်းသပ်မဲပေးမည့် မဲဆန္ဒရှင်ပြည်သူအင်အား (၄၉၈)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို (၁၆:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)