ညောင်တုန်းမြို့ ဇီးဖြူကျွန်းကျေးရွာတောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်

Powered by Drupal

     (၁၀.၉.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် စိုက်ပျိုး ရေးဦးစီးဌာန၊ မြေစာရင်းဌာနတို့နှင့်အတူ ဇီးဖြူကျွန်းကျေးရွာတောင်သူများနှင့် တွေ့ဆုံ၍ စားသုံး သူကာ ကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် မိတ်ဖက်ပူးပေါင်းဌာနများမှ ၎င်းတို့ဌာန၏ လုပ်ငန်း ဆောင် ရွက်ချက်များ၊ စီမံလျာထားချက်များကို အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနကလည်း မြေပြုပြင်စိုက်ပျိုးမှုအခြေ အနေ၊ မျိုးရွေးချယ်စိုက်ပျိုးမှု၊ ပိုးမွှားကင်းစင် နှိမ်နင်းနိုင်ရေး၊ ဈေးကွက်ဈေးနှုန်းကောင်းမွန်စွာ ထားသိုနိုင် ရေးနှင့် စိုက်အောင်ထွက်အကျိုးအမြတ် အခြေအနေများကိုဟောပြောဆွေးနွေးပြီး စားသုံးသူတို့၏ အခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး တောင်သူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)