ပန်းတနော်မြို့နယ် စက်မှုလုပ်ငန်းသုံးဆီ ရရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ၊အင်းမကျေးရွာရှိ စက်မှုလုပ်ငန်းသုံးဆီ ရရှိသော  စားသောက်ဆိုင်များကို ဆီရရှိခြင်း ရှိ/မရှိ ၊ လုပ်ငန်းတွင်အမှန်တကယ်အသုံးချမှု ရှိ/မရှိ  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း တို့နှင့် ပူးပေါင်း၍ ၁၀-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီ အချိန်က ကွင်းဆင်းမှု ပြုလုပ်ခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အနေဖြင့် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းများ လစဉ် ၃ကြိမ် ရရှိပြီး ရရှိသော ဆီပေပါခွဲတမ်းများကို စက်မှုလုပ်ငန်းသုံးလျောက်ထားသူ လုပ်ငန်းရှင် များထံ ဆက်သွယ်ပြီး သတ်မှတ်ကာလ ၃ရက်အတွင်းစန်စတကျငွေချေထုတ်ယူနိုင်ရေး စားသုံးသူ ရေးရာ ဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများမှ လစဉ်ရရှိမှု အခြေအနေများကို စာရင်းမှတ်တမ်း ထားရှိထားရန်နှင့် မိမိထုတ်ယူမှု ‌ငွေချေပြေစာ၊ ငွေရပြေစာများသိမ်းဆည်းထားရန် လုပ်ငန်းသုံဆီများ အမှန်တကယ်ရရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ မိမိတို့ရရှိသော ဆီပိဿာများကိုလုပ်ငန်းအတွက်သာ အသုံးပြုရန် ပြန်လည်ရောင်းချခြင်းမပြုရန်၊ လုပ်ငန်းရှင်များ သတ်မှတ်နေရာများသို့ ရရှိရမည့် ဆီပိဿာများ အမှန်တကယ် မရရှိပါက ဌာနသို့ ဆက်သွယ်အသိပေးနိုင်ကြောင်း အသိပညာပေးခဲ့ပြီး သတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)